Saturday, October 11, 2014

★ ခွင့်ပြုပါ သခင် ★
မြင်လှည့်ပါ သခင်
လှောင်အိမ်စံ အကျဉ်းကျ
ပျံသန်းခွင့်မရတဲ့ ကောင်းကင်ကို
မှန်းဆကာ တမ်းတရုံကလွဲပြီး
ငှက်ဖြစ်လျှက် ငါ့ဘဝ
ဘာများတတ်နိုင်မှာလဲ။
ခွင့်ပြုပါ သခင်
အမြင့်စံ လူတွေကြားမှာ
အလှကြည့်ရုံ အကျဉ်းချတာဆို
ပျံသန်းခွင့်ပေးလှည့်ပါ
ငါဟာ အဖျော်ဖြေခံအရုပ်မဟုတ်ဘူး။
ပေးလှည့်ပါ သခင်
ငှက်တို့ရဲ့ သဘာဝ
မွေးရာပါ အတောင်ပံတစ်စုံ
လေဟုန်မှာ ပျံသန်းနိုင်ဖို့
လောင်အိမ်စံ ဒီဘဝက
လွတ်မြောက်ခွင့် ပေးပါ။
လွတ်လပ်ခွင့်ပေးပါ သခင်
အကျဉ်းစံနေရတဲ့ ငါ့ဘဝကို
ဝေဟင်မှာ လေဟုန်စီးရင်း
ငြိမ်းချမ်းခြင်း ရသတွေခံစားနိုင်ဖို့
ထာဝရလွတ်လပ်ခွင့်ပေးပါ။

0 comments:

Post a Comment