Sunday, October 5, 2014

Android ဖုန်းရဲ့ Internet Browser အတွက် မြန်မာဖောင့်အလှ




Android ဖုန်းရဲ့ Internet Browser မှာ မြန်မာဖောင့်အလှလေးတွေ အသုံးပြုနိုင်မယ့် နည်းလမ်းလေး ညွှန်ပြချင်ပါတယ်။
Android ဖုန်းကို Font Style တွေ ဘယ်လိုပဲပြောင်းပြောင်း အများစုကတော့ Internet Browser မှာ စာလုံးပုံစံ ပြောင်းမသွားပါဘူး။ ကိုယ်ကြိုက်တဲ့စာလုံးပုံစံတွေ ပေါ်စေချင်တယ်ဆိုရင် System Font ထဲကို မိမိကြိုက်တဲ့ Font နှင့် System Vendor ထဲကို XML File လေးထည့်ပေးရပါတယ်။
အခု Font တစ်ခုကို နမူနာအနေနဲ့ ထည့်ပြပါမယ်။ သိရင်တော့ လွယ်လွယ်လေးပါ ဘာမှမခက်ပါဘူး။ အသုံးပြုမယ့်ဖုန်းဟာ Root ဖောက်ထားရပါမယ်။ Root Explorer ရှိရပါမယ်။
Download ဆွဲထားတဲ့ File ကို Extract လုပ်လိုက်ရင် shwemyanmarJB6.ttf  နှင့် fallback_fonts.xml file နှစ် File တွေ့ ပါလိမ့်မယ်။
(၁) Root Explorer ကို ဖုန်းထဲ Install လုပ်ပါ။
(၂) SD Card ထဲ နှစ် File လုံးကူးထည့်လိုက်ပါ
(၃) Root Explorer ကိုဖွင့်၍ Mount မှာ R/W မှ R/O သို့ ပြောင်းပေးပါ။
(၄) shwemyanmarJB6.ttf ကို System >> Font ထဲသို့ Copy ယူပြီး Paste ချပါ။ ပြီးရင် shwemyanmarJB6.ttf ကို ဖိထာပြီး Permission ( R-W-R-R ) ပြောင်းလိုက်ပါ။
(၅) fallback_fonts.xml file ကို  Vendor >> Etc ထဲသို့ Copy ယူပြီး Paste ချပါ။ ပြီးရင် Permission ( R-W-E-R-R ) ပြောင်းလိုက်ပါ။
အားလုံးပြီးရင် Phone ကို Restart ချပြီး Internet Browser ထဲဝင်ကြည့်ပါ။

0 comments:

Post a Comment